မိတ်ဆက်ပေးသွားမည့်လူအရင်းမြစ်များ

Nextep Career Co., Ltdသည် မြန်မာနိုင်ငံ၏ အစိုးရနည်းပညာတက္ကသိုလ်များမှ ဆောက်လုပ်ရေးပညာရပ်၊ ဗိသုကာပညာရပ်၊ စက်မှုပညာရပ်၊ ITပညာရပ်များကို အထူးပြုပြီး ဘွဲ့ယူခဲ့ကြသော အင်ဂျင်နီယာများနှင့် ဘွဲ့ရပြီးကာစ ကျောင်းသား/သူများကို အဓိကထားကာ ဂျပန်နိုင်ငံအတွင်းရှိ လုပ်ငန်းများနှင့် မိတ်ဆက်ပေးသွားမည်ဖြစ်ပါသည်။

offer-human image
offer-human image
offer-human image

မြန်မာနိုင်ငံပညာရေးစနစ်

မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်ခွင့်အတွက် သတ်မှတ်ချက်သည် အထက်တန်းကျောင်း၏နောက်ဆုံးစာမေးပွဲ(တစ်နိုင်ငံလုံးတွင် တစ်ပြိုင်တည်းကျင်းပ)တွင် ရရှိခဲ့သောအမှတ်များကို အခြေခံကာသတ်မှတ်ခြင်းဖြစ်ပါသည်။ အထက်တန်းကျောင်းစာမေးပွဲတွင် ဘာသာရပ်(၆)ခုရှိပြီး(၁)ခုချင်းစီအလိုက် အမှတ်ပြည့် ရမှတ်မှာ(၁၀၀)မှတ် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် အဆင့်အမြင့်ဆုံးသော တက္ကသိုလ်သည် ဆေးတက္ကသိုလ်ဖြစ်ပြီး အခြေခံပညာအထက်တန်းကျောင်း စာမေးပွဲတွင် ဘာသာရပ်(၆)ခု၏ရမှတ်စုစုပေါင်း (၅၀၀)မှတ်နှင့်အထက် ရရှိမှသာလျှင် ဝင်ခွင့်ရရှိနိုင်မည်ဖြစ်ပါသည်။ ဆေးတက္ကသိုလ်ပြီးလျှင် ဒုတိယ အဆင့်အမြင့်ဆုံး တက္ကသိုလ်မှာ နည်းပညာတက္ကသိုလ်ဖြစ်ပါသည်။ နည်းပညာတက္ကသိုလ်ဝင်ခွင့် ရရှိရန် အထက်တန်းကျောင်း နောက်ဆုံးစာမေးပွဲတွင် ဘာသာရပ်(၆)ခု၏ရမှတ် စုစုပေါင်း(၅၀၀)မှတ်နီးပါး ရရှိရန်လိုအပ်ပါသည်။

ကုမ္ပဏီလုပ်ငန်းစဉ်

ကျွန်ုပ်တို့ကုမ္ပဏီသည် မြန်မာတစ်နိုင်ငံလုံးရှိ အစိုးရနည်းပညာတက္ကသိုလ် (၃၂)ခုအနက် ပိုမို၍ အဆင့်မြင့်မားသော ရန်ကုန်နည်းပညာတက္ကသိုလ် (ထိပ်တန်းစွမ်းဆောင်ရည်ရှိပြီး ထူးချွန်သောအင်ဂျင်နီယာလူ့အရင်းအမြစ်များကို မွေးထုတ်ပေးသည့်အစိုးရနည်းပညာတက္ကသိုလ်)ကိုအဓိကထားပြီး ထိပ်တန်းအဆင့်ရှိ တက္ကသိုလ်များနှင့် ချိတ်ဆက်ကာ လုပ်သားအရင်းအမြစ်များကို ခေါ်ယူစုဆောင်းလျက် ရှိပါသည်။ ဂျပန်နိုင်ငံတွင် အလုပ်ဝင်ရန် မျှော်မှန်းထားသော အလုပ်လျှောက်ထားသူများကို ကျွန်ုပ်တို့ကုမ္ပဏီတွင် အကြိုအင်တာဗျူးပြုလုပ်ပြီး အောင်မြင်သူများကို ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်စေပါသည်။ ကျန်းမာရေးစစ်ဆေးမှု အဆင့်အထိအောင်မြင်သူများ၏ အင်တာဗျူးဖြေဆိုမှုရလဒ်များကိုစုစည်းကာ ဧည့်သည်ထံသို့ပေးပို့ကာ အစီရင်ခံတင်ပြသွားမည်ဖြစ်ပါသည်။ ဧည့်သည်ထံမှ နောက်ဆုံးအင်တာဗျူးအတွက် ဖြေဆိုရန် အရည်အချင်းပြည့်မှီသူများစာရင်းနှင့် အင်တာဗျူး ပြုလုပ်မည့်သတ်မှတ်ရက်ကို သိရှိရသည်နှင့်တစ်ပြိုင်နက်တည်း Nextep Careerမှ ဆက်သွယ်အကြောင်းကြားပေးသွားမည်ဖြစ်သည်။ ဧည့်သည်၏ နောက်ဆုံးအဆင့်အင်တာဗျူး ဖြေဆိုအောင်မြင်သူများကို Nextep Careerမှဂျပန်ဘာသာအပါအဝင် ဂျပန်နိုင်ငံ၏လူနေမှုစနစ်နှင့် လုပ်ငန်းခွင်ဆိုင်ရာ ဓလေ့ထုံးစံများကို ဂျပန်နိုင်ငံသို့မထွက်ခွာမီအချိန်ထိ သင်ကြားပေးသွားမည် ဖြစ်ပါသည်။

အရည်အချင်းလိုအပ်ချက်

စကားပြန်၊ ဘာသာပြန်ဝန်ထမ်းများ၊ အသိ/အတတ်ပညာရှင်များအဖြစ် အဓိကထား မိတ်ဆက်ပေးသွားမည့်သူများမှာ နိုင်ငံခြားဘာသာတက္ကသိုလ်များတွင် ဂျပန်ဘာသာအထူးပြုဖြင့် ဘွဲ့ရထားသူများအပါအဝင်၊ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ အောင်လက်မှတ် N1, N2 ကိုင်ဆောင်ထားသည့် သူများကို အခြေပြုကာ ခေါ်ယူစုဆောင်းလျက် ရှိပါသည်။ ကိုယ်ရေးရာဇဝင်၊ အောင်လက်မှတ်စသည့် လိုအပ်သည့် စာရွက်စာတမ်းများကို စစ်ဆေးပြီးသည့်အခါ ကျွန်ုပ်တို့ကုမ္ပဏီတွင် အကြိုအင်တာဗျူး ပြုလုပ်ပြီး ဧည့်သည်ထံမှ ရရှိသည့် အလုပ်ခန့်အပ်မည့် အရည်အချင်းနှင့် ကိုက်ညီမည့်သူများကို ရွေးချယ်ကာ နောက်ဆုံးအဆင့် အင်တာဗျူး ဖြေဆိုနိုင်စေရန် စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါသည်။