ကျွမ်းကျင်(စွမ်းဆောင်ရည်မြင့်မားသောလုပ်သားများ) အင်ဂျင်နီယာများဖြင့်မိတ်ဆက်ပေးခြင်း

ကျွမ်းကျင်လုပ်သားဆိုသည်မှာ ဂျပန်နိုင်ငံတွင်အလုပ်ဗီဇာဖြင့် အလုပ်လုပ်ကိုင်နိုင်သော ဗီဇာအမျိုးအစားဖြစ်သည်။ နည်းပညာ၊ အသိပညာ/အတတ်ပညာရှင်၊ အပြည်ပြည်ဆိုင်ရာ လုပ်ငန်းတာဝန်များဆိုသည့် ခေါင်းစဉ်များအောက်တွင် အကျုံးဝင်ပြီး နိုင်ငံခြားသားအင်ဂျင်နီယာများ၊ ဘာသာပြန်နှင့် စကားပြန်များကို အဓိကထားပြီးဂျပန်နိုင်ငံရှိ လုပ်ငန်းများတွင် အလုပ်ခန့်ထားနိုင်ပါသည် ။ သက်ကြီးရွယ်အိုများ များပြားလာပြီး ကလေးမွေးဖွားမှုနှုန်းလည်း ကျဆင်းနေသဖြင့် လူ့စွမ်းအားအရင်းအမြစ်(လုပ်သား)မလုံလောက်မှုနှင့်ကြုံတွေ့နေရသော ဂျပန်နိုင်ငံတွင် နိုင်ငံခြားမှဝန်ထမ်းများကို အလုပ်ခန့်အပ်ရန် လေ့လာသုံးသပ်နေသော လုပ်ငန်းများ တဖြည်းဖြည်း မြင့်တက်လျက်ရှိပါသည်။ လက်ရှိအချိန်တွင် တရုတ်၊ ကိုရီးယားတို့သာမကဘဲ အရှေ့တောင်အာရှနိုင်ငံများမှ လုပ်သားများကိုပါ အလုပ်ခန့်အပ်နိုင်ရန် ဦးတည်လာလျက်ရှိရာ မြန်မာလူမျိုးဝန်ထမ်းများကို အလုပ်ခန့်အပ်မှုနှုန်းမှာ အခြားနိုင်ငံများထက်မြင့်တက်လာလျက်ရှိပါသည်။ လက်ရှိ အချိန်တွင် အရှိန်အဟုန်ကောင်းစွာဖြင့် မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံလျက်ရှိသည့် ဂျပန်လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် မြန်မာလူမျိုးများ၏ တည်ကြည်မှု၊ အလုပ်ကြိုးစားမှု၊ အထက်လူကြီးများ၏ ညွှန်ကြားချက်နှင့် အမိန့်များကို ရိုသေကျိုးနွံစွာ လိုက်နာမှု စသောဂုဏ်သတင်းများ၊ ဂျပန်နိုင်ငံတွင် မြန်မာလူမျိုး ဝန်ထမ်းများ ခန့်အပ်လိုသည့် လုပ်ငန်းများ အဆမတန်မြင့်တက်လျက်ရှိသည့် အဓိကအကြောင်းအရင်းတစ်ခု ဖြစ်နိူင်ပါသည်။

ဂျပန်နိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ထုတ်လုပ်ရေးလုပ်ငန်းများတွင် အလုပ်ခန့်ထားရန်အတွက် အရည်အသွေးမြင့်လုပ်သားများ (သို့မဟုတ်) အင်ဂျင်နီယာဝန်ထမ်းခေါ်ယူမှုများ မြင့်တက်လာသည့်အထဲတွင် လူမှန်နေရာမှန်ဖြစ်မည့် ဝန်ထမ်းများကို အလျင်အမြန် ရှာတွေ့နိုင်ရန်မှာ ခက်ခဲလျက် ရှိပါသည်။ ကျွန်ုပ်တို့၏Nextep Careerကုမ္ပဏီသည် မြောက်မြားစွာသော အလုပ်လျှောက်လွှာတင်ထားသူများ၏ ကိုယ်ရေးရာဇဝင်များကိုအခြေခံထားကာ ဧည့်သည်ထံမှရရှိသည့် အလုပ်ခန့်ထားရာတွင် လိုအပ်မည့် စည်းကမ်းချက်များနှင့် ကိုက်ညီသူများကိုသာ ရွေးချယ်ကာ အကြိုအင်တာဗျူးများ ပြုလုပ်ပြီး ဧည့်သည်မှ နောက်ဆုံးအဆင့် အင်တာဗျူး ပြုလုပ်သွားနိုင်အောင် စီစဉ်ပေးလျက်ရှိပါသည်။

၀န်ဆောင်မှုအားအသုံးပြုရန်