Nextep Career ၏မိတ်ဖက်ကုမ္ပဏီအုပ်စုများ

Myanmar Unity (အလုပ်သင်လုပ်သားများအား နိုင်ငံခြားသို့ စေလွှတ်ရေးလုပ်ငန်း)

partner image1
partner image2

Myanmar Unity သည် Nextep Career ၏ မိတ်ဖက်ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ Myanmar Unity သည် ၂၀၁၃ ခုနှစ် မေလ ၂၇ ရက်တွင် စတင်တည်ထောင်ခဲ့ပြီးနောက်ပိုင်း ဂျပန်နိုင်ငံရှိ လုပ်ငန်းနယ်ပယ်အသီးသီးသို့ အလုပ်သင်လုပ်သားအဖြစ် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် (၄၃၇)ဦး စေလွှတ်နိုင်ခဲ့ပါသည်။ နောက်ထပ်ထပ်မံ၍လည်း အင်တာဗျူးဖြေဆိုအောင်မြင်ကာ ဂျပန်နိုင်ငံတွင် နေထိုင်ခွင့်ပြုသည့် ခွင့်ပြုမိန့်ကို စောင့်မျှော်ရင်း ဂျပန်ဘာသာနှင့် ဂျပန်နိုင်ငံရဲ့လူနေမှု ဓလေ့ထုံးစံများကို လေ့လာသင်ယူလျက်ရှိသည့် ကျောင်းသားများမှာလည်း မြောက်မြားစွာရှိပါသည်။

Myanmar Unity ၏ အလုပ်သင်လုပ်သားများ စေလွှတ်ရေးလုပ်ငန်းနှင့် စပ်လျဉ်းပြီး အနည်းငယ် ရှင်းလင်းတင်ပြပေးပါမည်။ Myanmar Unity မှ ဂျပန်နိုင်ငံသို့ အလုပ်သင်လုပ်သားအဖြစ် သွားရောက်ပြီး လုပ်ကိုင်မည့် အလုပ်သင်လုပ်သားများသည် ဂျပန်ဘာသာအပါအဝင် စိတ်ပိုင်းဆိုင်ရာ၊ ဦးနှောက်နှင့်ဉာဏ်ရည်ဉာဏ်သွေးဆိုင်ရာ စာမေးပွဲများကို ဖြေဆိုအောင်မြင်ရန် လိုအပ်ပါသည်။ ထို့နောက် (၁) ပတ်သင်တန်းသို့ တက်ရောက်စေပြီး ထပ်မံ၍ စာမေးပွဲကို ဖြေဆိုစေပါသည်။ အောင်မြင်သော ကျောင်းသားများသည် ကျန်းမာရေးစစ်ဆေးပြီး ထိုအဆင့်ကိုကျော်လွှားနိုင်ပါက ဂျပန်နိုင်ငံရှိ အလုပ်သင်လုပ်သားလက်ခံမည့် လုပ်ငန်းရှင်ဧည့်သည်မှ အင်တာဗျူး ပြုလုပ်သွားမည်ဖြစ်ပါသည်။ အင်တာဗျူးဖြေဆိုအောင်မြင်ပြီးသည့်အခါ ဂျပန်ဘာသာ၊ လုပ်ငန်းခွင်သုံး စကားရပ်များ၊ ဂျပန်နိုင်ငံ၏ လူနေမှုဓလေ့ထုံးစံများ စသည်တို့ကို လေ့လာသင်ယူစေလျက် ဂျပန်နိုင်ငံတွင် နေထိုင်ခွင့်ရရှိရန် နေထိုင်ခွင့်ပြုမိန့်ကို စောင့်ဆိုင်းစေပါသည်။ ခွင့်ပြုမိန့်ရရှိလာသောအခါ မြန်မာနိုင်ငံရှိ ဂျပန်သံရုံးတွင် ဗီဇာလျှောက်ထားခြင်းကို ပြုလုပ်ကာ ဗီဇာကျသည်နှင့် တစ်ပြိုင်နက် ဂျပန်နိုင်ငံသို့ သွားရောက်ရမည် ဖြစ်ပါသည်။

Myanmar Unity မှ စေလွှတ်ခဲ့သော အလုပ်သင်လုပ်သားများသည် ဂျပန်နိုင်ငံတွင် ၃ နှစ် မှ ၅ နှစ် အတွင်း နည်းပညာများ လက်တွေ့သင်ယူကာ အမိနိုင်ငံသို့ ပြန်ရောက်သည့်အခါ Nextep Career Co., Ltd မှ အဆိုပါလုပ်သား ဂျပန်နိုင်ငံတွင် လေ့လာသင်ယူခဲ့သော နည်းပညာနှင့် ဂျပန်ဘာသာ စွမ်းရည်များကို ဆက်လက်ရှင်သန်စေပြီး ဒေသတွင်းရှိ ဂျပန်လုပ်ငန်းများနှင့် အခြားလုပ်ငန်းများတွင် အလုပ်ဝင်နိုင်ရန်အတွက် လမ်းညွှန်ပေးသွားမည် ဖြစ်ပါသည်။

MBI Center (ကုမ္ပဏီတည်ထောင်ခြင်း နှင့် မှတ်ပုံတင်ခြင်းလုပ်ငန်း)

3E YANGON Co., Ltd (MBI Center)သည် Nextep Career Co., Ltd ၏ နောက်ထပ် မိတ်ဖက်ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ ထိုကုမ္ပဏီသည် ၁၀၀% နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ဖက်စပ်ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့်အခါ လိုအပ်သော ကုမ္ပဏီတည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း၊ ကုန်သွယ်ရေး၊ သုတေသနလုပ်ငန်း၊ ရသုံးငွေနှင့် အရှုံးအမြတ်အစီရင်ခံစာ၊ စာရင်းစစ်အစီရင်ခံစာ၊ ဘာသာပြန်ခြင်းနှင့် စကားပြန် ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိပါသည်။ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ ပြောင်းလဲမှု အလွန်များပြားသည့် မြန်မာနိုင်ငံတွင် တိကျမှန်ကန်သော သတင်းအချက်အလက်များကို အချိန်တိုအတွင်း ဧည့်သည်များ စိတ်ကျေနပ်မှု အပြည့်အဝ ရရှိနိုင်မည့် ဝန်ဆောင်မှုများဖြင့် လုပ်ကိုင်ဆောင်ရွက်ပေးနိုင်သည့် အတိုင်ပင်ခံ လုပ်ငန်းများမှာ အရေအတွက် အလွန်နည်းပါး ပါသည်။ ထိုကဲ့သို့သော အခြေအနေများထဲတွင် 3E YANGON Co., Ltd (MBI Center)သည် ချိုသာသော ဝန်ဆောင်ခ၊ လျင်မြန်သော လုပ်ကိုင်ဆောင်ရွက်မှုများဖြင့် ဝန်ဆောင်မှုများဖြင့် ဆောင်ရွက်ပေးနေသော ဂုဏ်သတင်းများမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများသာမက ပြည်တွင်းရှိ ကုမ္ပဏီလုပ်ငန်းများအထိ ပျံ့နှံ့လျက်ရှိပါသည်။

MBI Center (ရသုံးငွေ နှင့် အရှုံးအမြတ် အစီရင်ခံစာ၊ စာရင်းစစ် အစီရင်ခံစာ)

လုပ်ငန်းတည်ထောင်ပြီးသည့်အခါ နံပါတ်(၁) အရေးအကြီးဆုံးကိစ္စမှာ ရသုံးငွေနှင့် အရှုံးအမြတ် အစီရင်ခံစာ၊ စာရင်းစစ် အစီရင်ခံစာနှင့် ပတ်သက်သည့် အပိုင်းဖြစ်သည်။ ကုမ္ပဏီ၏ဘဏ္ဍာရေးနှင့်စပ်လျဉ်းပြီး အခြေခံဖြစ်သည့်အပြင် အမှန်တကယ်တိကျစွာ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဖြစ်ကြောင်း ရသုံး အရှုံးအမြတ် အစီရင်ခံစာ၊ စာရင်းစစ် အစီရင်ခံစာတို့မှ သက်သေပြသွားမည် ဖြစ်သည်။ ရသုံး အရှုံးအမြတ်အစီရင်ခံစာအကျိုးအမြတ်များကိုဖေါ်ပြပြီး နောက်ထပ် မူဝါဒများ ချမှတ်လုပ်ဆောင်သွားရန် အဓိကကျသော သတင်းအချက်အလက်များ စုစည်းထားသည့် အခြေခံနေရာတစ်ခု ဖြစ်သည်။ စာရင်းစစ် အစီရင်ခံစာသည် ကုမ္ပဏီမှ မည်မျှအထိ ဘတ်ဂျက်များကို မှန်ကန်စွာ အသုံးပြုလျက်ရှိကြောင်းကို သင်ကြားပြသပေးမည် ဖြစ်သောကြောင့် လုပ်ငန်းဆိုင်ရာ စီမံကိန်းများ ပြုပြင်ပြောင်းလဲခြင်း၊ လုပ်ငန်းများတိုးချဲ့ခြင်းနှင့် လုပ်ငန်းသစ်များတည်ထောင်ခြင်းတို့အတွက် မရှိမဖြစ်လိုအပ်သော အရာဖြစ်ပါသည်။

ထိုမျှအထိ အရေးကြီးသော လုပ်ငန်းတာဝန်များကို မိမိတို့ကုမ္ပဏီတွင် လုပ်ဆောင်သွားရန်အတွက် စာရင်းအင်း၊ တရားဥပဒေနှင့် နည်းဥပဒေများ၊ အခွန်နှင့် စပ်လျဉ်းပြီး နှံ့စပ်ကျွမ်းကျင်ကာ စာရင်းစစ်လက်မှတ်(လိုင်စင်) ကိုင်ဆောင်ထားသော အတွေ့အကြုံကြွယ်ဝသည့် စာရင်းကိုင်တစ်ဦးကို အလုပ်ခန့်အပ်သွားရန် လိုအပ်ပါသည်။

မြင့်မားသော လစာငွေပေးချေသွားမည်ဆိုသည့်တိုင်အောင် ထိုကဲ့သို့သော ထူးချွန်ထက်မြက်သည့် လူသားရင်းမြစ်မှာ အများအပြားမရှိသည့်အတွက်အလွန်ပင် ခက်ခဲမည်ဟုထင်ပါသည်။ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ ပြောင်းလဲမှုအလွန်များပြားသည့် မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုအနေဖြင့် ရသုံး အရှုံးအမြတ် အစီရင်ခံစာ၊ စာရင်းစစ် အစီရင်ခံစာများသည် ပိုမိုခက်ခဲသည့် အတားအဆီး အခက်အခဲတစ်ခု ဖြစ်ပါသည်။ 3E YANGON Co., Ltd (MBI Center)သည် စာရင်းအင်း၊ ဥပဒေ၊ အခွန် စသည်တို့တွင် ကျွမ်းကျင်နှံ့စပ်သူများဖြင့် ဖွဲ့စည်းထားပြီး သင့်တင့်မျှတသော ဝန်ဆောင်ခဖြင့် လုပ်ကိုင် ဆောင်ရွက်ပေးလျက် ရှိသောကြောင့် လူကြီးမင်းတို့၏ လုပ်ငန်းများမှရသော အရှုံးအမြတ် အစီရင်ခံစာ၊ စာရင်းစစ် အစီရင်ခံစာတို့နှင့် စပ်လျဉ်းသည့် လုပ်ငန်း တာဝန်များကို ကျွန်ုပ်တို့ 3E YANGON Co., Ltd (MBI Center)တွင် အပ်နှံအသုံးပြုကြည့်ပါလို့ အကြံပြုအပ်ပါသည်။

MBI Center (စကားပြန်နှင့် ဘာသာပြန်ဝန်ဆောင်မှုလုပ်ငန်းများ)

3E YANGON Co., Ltd (MBI Center)တွင် နိုင်ငံခြားဘာသာတက္ကသိုလ်မှ ဂျပန်ဘာသာအထူးပြုဖြင့် ဘွဲ့ရခဲ့ပြီး ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲတွင် အမြင့်ဆုံးအဆင့် အောင်လက်မှတ်ဖြစ်သော N1ကို ကိုင်ဆောင်ထားကြသူများ (ဂျပန်ဘာသာ အရည်အချင်းတွင် ကျွမ်းကျင်မှု မြင့်မားသောပုဂ္ဂိုလ်များ)ကို အဓိကထားကာ စကားပြန်ခြင်းနှင့် ဘာသာပြန်ဝန်ဆောင်မှုများကို လျင်မြန်တိကျသည့်အပြင် သင့်တော်သော ဝန်ဆောင်ခနှုန်းထားများဖြင့် ဆောင်ရွက်လျက် ရှိပါသည်။ ဂျပန်ဘာသာကို အဓိကထားကာ ဂျပန်ဘာသာမှ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ တစ်ဖန် အင်္ဂလိပ်ဘာသာမှ ဂျပန်ဘာသာ၊ မြန်မာဘာသာသို့ ပြန်ဆိုပေးလျက်ရှိပါသည်။ လူကြီးမင်း၏ စီးပွားရေးလုပ်ငန်းများတွင် စကားပြန်ခြင်းနှင့် ဘာသာပြန်ခြင်းတို့နှင့် ပတ်သက်ပြီးအခက်အခဲများရှိပါက အချိန်မရွေး စိတ်လက်ပေါ့ပါးစွာဖြင့် ဆက်သွယ်လိုက်ပါ။ 3E YANGON Co., Ltd ( MBI Center )သည် စီးပွားရေးဆိုင်ရာ ဟောပြောပွဲများ၊ အစည်းအဝေးပွဲများ၊ လေ့လာရေးခရီးစဉ်များနှင့် အမျိုးမျိုးသော လုပ်ငန်းလိုအပ်ချက်ခေါင်းစဉ်များအတွက် တုန့်ပြန်ဆောင်ရွက်ပေးသွားမည့် စကားပြန်များနှင့် စီးပွားရေး လုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းများ လုပ်ငန်းခွင်ဆိုင်ရာ အသုံးပြုရမည့် ညွှန်ကြားလွှာများမှ အစပြုကာ အမျိုးမျိုးသော လုပ်ငန်းလိုအပ်ချက်ခေါင်းစဉ်များ အတွက် လုပ်ကိုင်ဆောင်ရွက်ပေးနိုင်မည့် ဘာသာပြန်များလည်း ရှိပါသည်။ ချစ်ခင်လေးစားအပ်ပါသော အားပေးသူ ဧည့်သည်တော်များ၏ ဆန္ဒနှင့်အညီ ဝန်ဆောင်မှုပေးသွားနိုင်ရန် အစဉ်သဖြင့် အားထုတ်လျက်ရှိသောကြောင့် စကားပြန်ခြင်းနှင့် ဘာသာပြန်ခြင်းလုပ်ငန်းတာဝန်များကို 3E YANGON Co., Ltd (MBI Center)တွင် ယုံကြည်စိတ်ချစွာဖြင့် တာဝန်ပေးအပ်နှံနိုင်ပါသည်။

Myanmar Unity、3E YANGON Co., Ltd (MBI Center)、Nextep Career တို့၏ ကတိစကား

ယခုအချိန်အထိ အစဉ်အဆက်အားပေးလာခဲ့သော ကျေးဇူးရှင် ဧည့်သည်တော်များအားလုံးကို စိတ်ထဲမှ အစဉ်လေးစားစွာဖြင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားအပ်ပါသည်။ ကျေးဇူးရှင် ဧည့်သည်တော်များ၏ ဖေးမကူညီမှုခဲ့သော ကျေးဇူးကြောင့် ယနေ့အထိ ဆက်လက်ရပ်တည်နေနိုင်ခြင်းဖြစ်သည့်အတွက် အမှန်တကယ်လေးနက်စွာဖြင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားအပ်ပါသည်။ ကျေးဇူးရှင်ဧည့်သည်တော်များ၏ အားပေးထောက်ခံမှုဖြင့်ရပ်တည် လာနိုင်သည့်အတွက် Myanmar Unity、3E YANGON Co., Ltd (MBI Center), Nextep Career တို့သည် အပြန်အလှန်အားဖြင့် အချင်းချင်း ပူးပေါင်းဆောင်ရွက်ကာ ဧည့်သည်များ၏ မျှော်လင့်ချက်နှင့်အညီ ဝန်ဆောင်မှုပေးနိုင်အောင် ယခုထက်ပို၍ ဆက်လက်ကြိုးစားကာ အမြင့်ဆုံးသော ဝန်ဆောင်မှုများဖြင့် ကျေးဇူးတုန့်ပြန်သွားမည် ဖြစ်ပါသည်။ နောက်နောင်တွင်လည်း ဆက်လက်ကူညီပံ့ပိုးပေးပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

ဝန်ဆောင်မှုအားအသုံးပြုရန်