about image

Nextep Career Co., Ltd ၏ရည်ရွယ်ချက်

Nextep Career Co., Ltd၏ ရည်ရွယ်ချက်မှာ ဧည့်သည်များ၏ စိတ်ကျေနပ်မှုအပြည့်အဝ ရရှိစေရန် အလေးထားကာ စွမ်းဆောင်ရည်ပြည့်ဝသော ဝန်ထမ်းကောင်းများကို မိတ်ဆက်ပေးခြင်းဖြင့် အလျင်မြန်ဆုံး ဝန်ဆောင်မှု ပေးနိုင်ရန် မျှော်မှန်းလျက် ရှိပါသည်။ Nextep Career Co., Ltd ၏ စွမ်းဆောင်ရည်မြင့်လုပ်သားများ မိတ်ဆက်ပေးသည့်လုပ်ငန်းနှင့် စပ်လျဉ်းသော အသေးစိပ်သတင်းအချက်အလက်များကို ရယူလိုသည့်လူကြီးမင်းများ အနေဖြင့် အချိန်မရွေး လွတ်လပ်ပေါ့ပါးစွာဖြင့် ဆက်သွယ်နိုင်ပါသည်။

ထူးချွန်ထက်မြက်သည့် လူ့စွမ်းအားအရင်းအမြစ်များအားဖော်ထုတ်လျက်

Nextep Career Co., Ltdတွင် ဂျပန်နိုင်ငံတွင် အလုပ်လုပ်ရန် အလုပ်သင်လုပ်သားများ စေလွှတ်ပေးလျက်ရှိသော Myanmar Unityကဲ့သို့ အင်အားတောင့်တင်းခိုင်မာသည့် မိတ်ဖက်လုပ်ငန်းများ ရှိသောကြောင့် အလုပ်ခန့်အပ်လိုသည့် လုပ်သားများကို လုံလောက်စွာ ရှာဖွေရရှိနိုင်ရန် စိတ်ပူစရာမလိုပဲ ဖြည့်တင်းစုဆောင်းနိုင်ပါသည်။ ထို့ပြင်အလုပ်သင်လုပ်သားများ ဂျပန်နိုင်ငံသို့ မသွားရောက်မှီအချိန်က သတင်းအချက်အလက်များ၊ အလုပ်လုပ်နေစဉ် ကာလအတွင်း ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်များအထိ လက်ဝယ်ထားရှိကာ အလုပ်သင်လုပ်သားများအား လက်ခံသည့် လုပ်ငန်းရှင်ထံသို့လည်း လုပ်သားများ ဂျပန်နိုင်ငံတွင် နေထိုင်နေစဉ် ကာလအတွင်း စွမ်းဆောင်ရည်ကို မှတ်ချက်ပြု အကဲဖြတ်ပေးပါရန် မေတ္တာရပ်ခံ ထားပါသည်။ အလုပ်သင်လုပ်သားများ ဂျပန်နိုင်ငံသို့ မသွားမီနှင့် ရောက်ပြီးနောက် ကွာခြားစွာဖြင့် တစ်ဖြည်းဖြည်း မည်သို့သော ကိစ္စရပ်များကို လုပ်ကိုင်ဆောင်ရွက်လာနိုင်သည်ကို အကဲဖြတ်မှတ်တမ်းစာရွက်များတွင် မှတ်ချက်ပြုရေးသားပေးပို့ပေးပါရန် မေတ္တာရပ်ခံထားပါသည်။ ကျွန်ုပ်တို့ကုမ္ပဏီမှ ပြုလုပ်သည့် ပထမအဆင့် အင်တာဗျူး ဖြေဆိုအောင်မြင်ပြီးသူ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်များနှင့် ဂျပန်နိုင်ငံရှိ အလုပ်သင်လုပ်သား လက်ခံသည့် လုပ်ငန်းရှင်ထံမှ အကဲဖြတ်မှတ်တမ်းစာရွက်ကို ဧည့်သည်ထံသို့ ပေးပို့သွားပါမည်။ ဧည့်သည်မှ လုပ်သားနှင့်ပတ်သက်သည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို လေ့လာသုံးသပ်ပြီးသည့်နောက် အင်တာဗျူးပြုလုပ်နိုင်ရန် ကမ်းလှမ်းမှုကို လက်ခံရရှိသည်နှင့် တစ်ပြိုင်နက်တည်း အလုပ်ဝင်ရန် ဆန္ဒရှိသူနှင့် သဘောတူညီချက်များ ပြုလုပ်ကာ ဒုတိယအဆင့် အင်တာဗျူးအတွက် ပြင်ဆင်ပေးသွားမည် ဖြစ်သည့်အတွက် ကျွန်ုပ်တို့ကုမ္ပဏီ၏ ဝန်ဆောင်မှုများကို ယုံကြည်စိတ်ချစွာဖြင့် အသုံးပြုနိုင်ပါသည်။